ရေတာရှည်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရန်ပုံငွေမှ ရေဘေးကြောင့် ထိခိုက်သူများအား ငွေနှင့်ပစ္စည်းများပေးအပ်

ရေတာရှည် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု(၃၄)စုအနက် နေအိမ်လုံးဝပျက်စီးသွားသော အိမ်ထောင်စု (၃၂) စုအား တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၀၀၀၀၀/-) နှင့် (၁၆) မျိုးပါကယ်ဆယ်ရေးပစ္စည်းပုံး (၁) ပုံး၊ လူတစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာငွေကျပ် ၅၀၀၀ နှုန်းဖြင့် (၁၂၅) ဦးအား စုစုပေါင်းငွေကျပ် (၆၂၅၀၀၀/-)အား ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အိမ်ထောင်စု (၃၄) စုအား တစ်အိမ်ထောင်လျှင်ဆန် (၅) ပြည်၊ ကြက်ဥ (၂၀) လုံး၊ ဆီ(၁)ပိဿာ(၅၀) ကျပ်သား နှင့် ကြက်သား (၅၀) ကျပ်သား ပေးအပ်ခဲ့ပြီး လူတစ်ဦးလျှင် ခေါက်ဆွဲခြောက်(၃)ထုပ် နှင် ကော်ဖီမစ်(၅)ထုပ်နှုန်းဖြင့် (၁၂၅) ဦးအား ဆက်လက်ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တောင်ငူခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)