ပန်းတနော် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရန်အတွက် အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန် သည်များအသင်းတို့ ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် (၂၀၀၀)ကျပ်နှုန်း၊ ဆီ(၁)ပိဿာလျှင် (၇၀၀၀)ကျပ်နှုန်း(ဘူခွံပါ)၊ ကြက်ဥတစ်လုံးလျှင် (၄၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။
ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများကို ခြံစျေးဖြင့် စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရေးအတွက် ခရိုင်အတွင်းရှိ ခြံလုပ်ငန်းရှင်များနှင့်ညှိနှိုင်းကာ အပတ်စဥ်သတ်မှတ်ရက်များအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)