သနပ်ပင်မြို့နယ်၌ သမဝါယမ မိုးစပါးစီမံကိန်းစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရူစစ်ဆေး

သနပ်ပင် ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစီမံကိန်းဆောင်ရွက်ရာတွင် ကျေးရွာ(၂)ရွာအတွက် အခြေခံသမဝါယမအသင်း (၂)သင်းမှ အသင်းသားတောင်သူ (၁၁၄)ဦးတို့အား မိုးစပါးဧက(၁၂၀၀)စိုက်ပျိုးရန်အတွက် တောင်သူများသို့ မိုးစပါးတစ်ဧကလျှင် ငွေကျပ် (၂၅၀၀၀၀/-)နူန်းဖြင့် ညီမျှသော သွင်းအားစုများကို ကုမ္ပဏီများနှင့်ချိတ်ဆက်၍ မြို့နယ်သမဝါယမအသင်းစုမှ တောင်သူလက်ဝယ်အရောက် ပေးပို့ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် သနပ်ပင်မြို့နယ်၊ ကမာဖရံကျေးရွာနေ ဒိုင်မွန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားဦးစိုးမင်းပိုင်လယ် မိုးစပါးစံပြကွက်(၁၅)ဧကတွင် အောင်နိုင်တိုးစပါးအား လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုကို မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ဝန်ထမ်းများက သွားရောက်ကွင်းဆင်း ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)