ရွှေဘိုမြို့၌ Pfizer ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံ​ပေး

ရွှေဘို  ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံဝင်းအတွင်းရှိ ချမ်း​မြေ့​လေးထပ်ဆောင်တွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် Pfizer အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရမည့်သူများမှာ နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ(၆)လပြည့်ပြီး ကျန်းမာ​ရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၅၀) နှစ်အထက် နာတာရှည်​ရောဂါရှိသူများ၊ အသက်(၇၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ ကာကွယ်​ဆေးထိုးနှံပြီး (၁)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများ၊ အသက်(၅၀)နှစ်ထက် ပြည်သူများ၊ ၁၈ နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးနှံခြင်း မရှိသူအားလုံးနှင့် ၃ လပြည့်ပြီး ကိုယ်ဝန်ဆောင်မိခင်များကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများသည် လစဥ်လဆန်း(၁)ရက်​နေ့မှ(၈)ရက်​နေ့ထိ တစ်နှစ်​အောက်က​လေးများအား ပုံမှန်တိုးချဲ့ကာကွယ်​ဆေး(EPI)ထိုး​ပေးခြင်း vitamin A ဆေးလုံးတိုက်​ကျွေးခြင်း၊ အဏုအာဟာရမှုန့်ဖြန့်​ဝေခြင်း၊ကိုယ်ဝန်​ဆောင်မိခင်များအား ​မေးခိုင်ကာကွယ်​ဆေး (Td) ထိုးပေးခြင်းများကို ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထို့​နောက်​ရွှေဘိုမြို့နယ် အပါအဝင် ဝက်လက်၊ ခင်ဦးနှင့်အခြားမြို့နယ်များမှ လာ​ရောက်ထိုးနှံသည့် က​လေးမိဘများနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား (​သွေးလွန်တုတ်​ကွေး၊ဝမ်း​လျှော/ဝမ်းပျက်၊ ကိုဗစ်-၁၉ ရာသီတုတ်​ကွေး အပါအဝင်အသက်ရှုလမ်း​ကြောင်းဆိုင်ရာ​ရောဂါများ၊ အခြားကူးစက်/မကူးစက်​သော​ ရောဂါများ)စသည့် ကျန်းမာ​ရေးအသိပညာ​ပေးခြင်းများကို ပုံမှန်​ဆောင်ရွက်​ပေးခြင်း၊ မြို့​ပေါ်ရပ်ကွက်နှင့် ဘုန်းကြီး​ကျောင်း၊ ဘာသာ​ရေး​ကျောင်းများတွင် အပတ်စဥ်​သွေးလွန်တုတ်​​ကွေးကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်​ဆေးခတ်ခြင်း၊ အသိပညာ​ပေးခြင်းများကို ကွင်းဆင်း​ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)