ကရသူရိ ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်အားကောင်းမွန်ရေး၊ စာအုပ်/စာပေချစ်မြတ်နိုးရေးနှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုသိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ က စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာအုပ်/စာပေများ ရွေးချယ်ဖတ်ရှုမှု၊ တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်း၊ စုပေါင်းဖတ်ရှုခြင်းတို့ဖြင့် (၁၀)မိနစ်အကြာ လေ့ကျင့်ဖတ်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်/စာပေများကို ချစ်မြတ်နိုးလာပြီး စာဖတ်ဝါသနာရှင်များတိုးတက်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အလေ့အကျင့်များ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)