ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဟင်္သာတ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ပြည်သူ့အားကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူးဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဗိုလ်လုပွဲစဥ်အဖြစ် ဟင်္သာတမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် ဇလွန်မြို့နယ် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပိုပွဲကစားချိန်အထိ (၁)ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သဖြင့် ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဆက်လက်ကစားခဲ့ရာ ဇလွန်မြို့နယ်အမျိုးသမီးဘောလုံးအသင်းမှ (၅) ဂိုး၊ (၄) ဂိုးဖြင့် ပထမရရှိခဲ့သည်။

ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင်ပထမဆုရရှိသော ဇလွန်မြို့နယ်အသင်းနှင့် ဒုတိယဆုရရှိသော ဟင်္သာတမြို့နယ်အသင်းတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်း၊ ခရိုင်အမျိုးသမီးရေးရာနှင်မိခင်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦးနှင့်တာဝန်ရှိသူများမှလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျောက် အကောင်းဆုံးအားကစားသမားဆုတို့အား ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများမှ ဆုတံဆိပ်နှင့် ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဟင်္သာတခရိုင် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်သက်သက်ဦး၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ စုစုပေါင်း အင်အား (၅၀၀) ဦးခန့် တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)