ဟိုင်းကြီးကျွန်း ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ (အ.မ.က) ဇီးဖြူချောင်း အခြေခံပညာမူလတန်းကျောင်း၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်ဆန်းက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် လူမှုပတ်ဝန်းကျင်၏ ညစ်ညမ်းမှုအခြေအနေများ လျော့ကျစေရန်ရည်ရွယ်ပြီး အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်နှင့် လျှပ်စစ်ပစ္စည်းများဆိုပြီး (၄)မျိုးခွဲခြားထားကြောင်း ရှင်းလင်းပြောကြားကာ အမှိုက်ခွဲခြားစွန့်ပစ်ပုံကို သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။
အဆိုပါ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်နေရာသို့ ဟိုင်းကြီးကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်နေပြည်သူများ လေ့လာခဲ့ကြကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)