ညောင်တုန်း ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးပြည့်ဖြိုးမိုးက မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာသင်တန်း ရည်ရွယ်ချက်နှင့် မဲပေးစက်အသုံးပြုခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/သင်တန်းသူများက လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် သင်တန်းနည်းပြများက ရှင်းလင်းပြသခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းကို သင်တန်းအပတ်စဉ် တစ်ကြိမ်လျင် သင်တန်းသား (၁၀၀) ဦးဖြင့် သင်တန်းအပတ်စဉ်(၁၀)ကြိမ်၊ စုစုပေါင်း သင်တန်းသား (၁၀၀၀) ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်ဆက်)