ဆိပ်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီ လူထုလှုပ်ရှားမှုအသွင် ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက အနောက်ပိုင်းရပ်ကွက် အနော်ရထားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ (ဆိပ်ဖြူ-ဆော) ကားလမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးမိုးရာသီလူထုလှုပ်ရှားမှုအသွင် ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်တောကဏ္ဍနှင့် သယံဇာတများ ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ဂေဟစနစ်များကောင်းမွန်ပြီး ရာသီဥတကောင်းမွန်ုမျှတပြီး သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့မှ တားဆီးကာကွယ်လျော့ချ ဆောင်ရွက်နိုင်စေရန်နှင့် သစ်တော်သစ်ပင်များ ချစ်ခင်မြတ်နိုး တန်းဖိုးထားဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး မိုးရာသီ လူထုလှုပ်ရှားမှုအသွင်မှု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့ဝင်များက ရတနာတန်းဝင်ကျွန်းသစ်ပင် (၁၈၀) ပင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)