ဒေးဒရဲ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြေစာအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးပွဲကိုယနေ့နံနက် (၁၀) နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မင်းထွန်းက ပြည်တွင်းအခွန်များဦးစီးဌာန၏ လိုက်နာကျင့်သုံးနေသော အခွန်ဆိုင်ရာဥပဒေများ၊ တာဝန်ယူကောက်ခံနေသောအမျိုးအစားများ၊ လုပ်ငန်းရှင်များနှင့်စားသုံးသူပြည်သူများ လိုက်နာ ဆောင်ရွက်ရန် အချက်များ၊ အခွန်အကြောင်း သိကောင်းစရာများ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြေစာအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း