အိမ်မဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

အိမ်မဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၊ အတွင်းရေးမှူး ဒေါ်ခိုင်ဆွေသက်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်း၍ Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာသူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိမှ မဲပေးစက်အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများမှ မြန်မာအီလက်ထရောနစ် မဲပေးစက်အားတပ်ဆင်နည်းများနှင့် အသုံးပြုနည်းများကို လက်တွေ့ရှင်းလင်းပြသခဲ့ပြီး သင်တန်းသားများအား လက်တွေ့ပြုလုပ်စေခဲ့ကြောင်းနှင့် သင်တန်းသား ၅၆၃ ဦးအား () ကြိမ်ခွဲ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)