လေးမျက်နှာ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဝေဖြိုးထက်က ရွေးကောက်ပွဲဆိုင်ရာနှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာသူများမှ စမ်းသပ်မဲပေးခြင်းများပြုလုပ်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် သင်တန်းနည်းပြများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို လက်တွေ့သင်ကြားပြသခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)