ဖောင်းပြင် ဇူလိုင် ၁၃
ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် (၂) နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ စာရေးဆရာ မြတ်ငြိမ်းပြန်ဆိုတဲ့ ချမ်းသာဖေဖေ၊ ဆင်းရဲဖေဖေနဲ့ ချမ်းသာလူငယ်၊ စမတ်လူငယ်” စာအုပ်ဖြင့် ဖတ်ကြားဆွေးနွေကြရာBook club အဖွဲ့၀င် ဦးညီညီထွေးက ဘ၀ဆိုတာအသိဉာဏ်မဲ့မှုနှင့် ဉာဏ်အလင်းရောင်ကြား ရုန်းကန်လှုပ်ရှားနေရကြောင်း၊ မိမိ၏စိတ်သိနားလည်အောင် ရှာဖွေစူးစမ်းမှုရပ်လိုက်ကာ အသိဉာဏ်မဲ့မှုဖြစ်ပေါ်လာပြီး ဆုံးဖြတ်ချက်တစ်ခုကြောင့် အမြင်ကျဉ်းထားမည် သိုမဟုတ် အမြင်ကျယ်ကျယ် လေ့လာသင်ယူမည်လား ဆိုသည့် ဆုံးဖြတ်ချက်ထားရှိရန် လိုကြောင်း ဦးဆောင်ဆွေးနွေးသည်။
ထို့နောက် Youth Club အဖွဲ့၀င် မောင်လွင်လွင်စိုးကပညာရေးသည် အောင်မြင်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကျောင်းတွင်ပညာတော်ရေးသည် အသက်တမျှအရေးပါအရာရောက်သလို ငွေကြေးဆိုင်ရာအရည် အသွေးများနှင့် ဆက်သွယ်ရေးဆိုင်ရာ အရည်အသွေးများရှိဖို့လည်း အရေးကြီးကြောင်း ဆွေးနွေးကာ Youth Club အဖွဲ့၀င် မတင်နွယ်နွယ်ဦးက လူအများစီးပွားရေးမပြေလည်ခြင်းမှာ သူတို့ဘ၀တစ်လျှောက်လုံး တစ်စုံ တစ်ဦးအတွက် အလုပ်လုပ်ပေးနေရသောကြောင့် သူတို့၏အလုပ်လူပ်ရက်တွေ ကုန်ဆုံးသွားသည့်အခါ ဘာမျှအဖတ်တင်မကျန်ရစ်သဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်ဖို့လိုကြောင်း ဆွေးနွေးသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ဆွေးနွေးမှုများအပေါ် ပြန်လည်ဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)