ဟင်္သာတမြို့ အခြေခံပညာ အမှတ် (၂) အလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် နံရံကပ်၊ ဟောပြောပွဲ ပြုလုပ်

ဟင်္သာတ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာကလေးရပ်ကွက် အခြေခံပညာ အမှတ်(၂)အလယ်တန်းကျောင်းခွဲတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်ကို အသုံးပြု၍ စာပေဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ နယ်လှည့် နံရံကပ်၊ ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက ကျောင်းသား/သူများကို စာဖတ်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပါသည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/သူများမှ စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်/ပြန်ဆက် (ဟင်္သာတ)