ရွှေကျင် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁၀ ရက်နေ့မွန်းလွဲ (၁)နာရီက ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်စိတ်ဓာတ်အကြောင်းတို့ကို အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းနှင့်ဝန်ထမ်းများက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)