ကန့်ဘလူ ဇူလိုင် ၁၂
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သတင်းရေးသားရာတွင် ပိုမိုနားလည်တတ်ကျွမ်းစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း သင်တန်းအမှတ်စဥ် (၂/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က မိမိတို့ဌာနသည် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရသည်ဖြစ်၍ ဝန်ထမ်းတိုင်း သတင်းရေးသားခြင်းပညာရပ်ကို နားလည်တတ်ကျွမ်းထားရမည်ဖြစ်ပြီး အရည်အသွေးကောင်း မွန်သော သတင်းများရေးသားနိုင်စေရန် ယခု သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ဝန်ထမ်းသင်တန်းသား ၄ ဦးတက်ရောက်ပြီး သတင်းရေးသားနည်း၊ သတင်းအရင်း အမြစ်ရှာဖွေခြင်း၊ သတင်းလိုက်ခြင်း၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းဆောင်းပါးရေးသားခြင်း၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေ၊ အင်တာဗျူးခြင်း စသည့် ဘာသာရပ်များကို ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)