သဲကုန်း ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း(တပ်ကျောင်း)တွင် ဇူလိုင်လ ၉ ရက်နေ့ နေ့လယ် ၁ နာရီက နယ်လှည်စာကြည့်တိုက်နှင့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက မြန်မာလူမျိုးတို့၏ မမေ့အပ်သည့် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့် ဇူလိုင်လ (၁၉) ရက်နေ့ရောက်တိုင်း အာဇာနည်နေ့အခမ်းအနားများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များ၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံများ၊ အာဇာနည်ခေါင်းဆောင်ကြီးများနှင့် အာဇာနည်စိတ်ဓာတ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပြီး ရုပ်ပုံစာအှပ်ဖြင့်ပုံပြင်ပြော၍ ကျောင်းသား/ကျောင်သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦး၏ ကိုယ်ရေးသမိုင်းမှတ်တမ်းများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)