ချောင်းဦး ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ယာယီနေရပ်စွန့်ခွာလာသည့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးသာ၊ အတွင်းရေးမှူး ရဲမှူးမြင့်သောင်းတို့မှ နေရပ်စွန့်ခွာလာသူ၊ တိုက်ပွဲရှောင်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ၍ ယာယီနေထိုင်ရေး၊ စားသောက်ရေးအတွက် လိုအပ်ချက်များမေးမြန်းကာ ဖြည့်ဆည်းပေးခဲ့သည်။ ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂/၂၀၂၅)လနှင့် (၃/၂၀၂၅)လအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် လေးသောင်းစီ ပေးအပ်ခဲ့သည်။
လတ်တလော အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာလာရသည့် ကင်မွန်းတော်ကျေးရွာနှင့် ကံဇီးကျေးရွာမှ ပြည်သူများ၊ တိုက်ပွဲရှောင်ရန်ရောက်လာသည့် ပင်လယ်ဘူးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ပြည်သူ ၅၀၂ ဦးအား တစ်ဦးလျှင် နှစ်လစာ ကျပ်လေးသောင်းနှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)