ကလေး၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမျိုးသမီးနှင့် ပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ခင်လှကြိုင်က မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်နှင့် ဦးစီးအရာရှိ ဒေါ်ဟေမာဆွေက အမှိုက်များကို စနစ်တကျ ခွဲခြားစွန့်ပစ်နည်း၊ လက်တွေ့သရုပ်ပြခြင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ ကလေးမြို့ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအခမ်းအနားတွင် အသိပညာ ဗဟုသုတများရရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)