စေတုတ္တရာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခတ်ခြင်း ဆောင်ရွက်

စေတုတ္တရာ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စေတုတ္တရာမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စေတုတ္တရာ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ ရေစည်၊ ရေကန်များအား ခြင်ပေါက်ပွားမှုရှိမရှိ စစ်ဆေးခြင်း၊ ခြင်ပေါက်ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေသိုလှောင်ကန်များ အဖုံးဖုံးအုပ်ရန် အသိပညာပေးခြင်း၊ သောက်ရေသုံးရေထည့်ထားသည့် ရေစည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါက်ပွားအောင် ရေလဲလှယ်ခြင်း၊ စွန့်ပစ်တာယာဟောင်းများ၊ ဘူးခွံများမှရေများအား သွန်ပစ်ခြင်း၊ ရေမလှယ်နိုင်သည့် အုတ်ကန်များကို  Abate ဆေးခတ်ခြင်းစသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)