ကသာခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ အရိပ်ရပင်နှင့်သီးပင်စားပင်များ စုပေါင်းစိုက်ပျိုး

ကသာ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ရုံးဝင်းအတွင်းနှင့် ရုံးအ‌ရှေ့မျက်နှာစာတွင် ဝန်ထမ်းများက အရိပ်ရပင်များနှင့် သီးပင်စားပင်များကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကသာမြို့နယ်အနေဖြင့် မိုးရာသီတွင် ဌာနအလိုက်သော်လည်းကောင်း၊ စု‌ပေါင်း၍‌သော်လည်း‌ကောင်း၊ ဒေသခံသစ်ပင် ချစ်သူပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးခြင်းကို နှစ်စဉ် စိုက်ပျိုးလျက်ရှိကြသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို‌ပြည်ရေးနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ရုံးဝင်းအတွင်းတွင် ဘူးသီး၊ ခရမ်းသီး၊ ချဉ်ပေါင်၊ ကန်စွမ်း၊ ရုံးပတီနှင့် ပင်စိမ်း၊ နံနံစသည့် ဟင်းခတ်အမွှေးအကြိုင် ပင်များကိုလည်းကောင်း၊ အရိပ်ရပင်အဖြစ် ဗန်ဒံပင်(၁၀)ပင်တို့ကို ရုံးအရှေ့မျက်နှာစာတို့တွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း