ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်တော့မည်

ဝန်းသို ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် လျှပ်စစ်မီးလင်းရေး 11KV မီးလိုင်းသွယ်တန်းခြင်း လုပ် ငန်းကိုဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်နီးပါးတပ်ဆင်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ (၁၂၃)အိမ်၊ လူဦးရေ (၇၃၁)ဦးတို့အတွက် ၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

"ယခင်က ရွာမကျေးရွာနဲ့ မြောက်ရွာကျေးရွာ နှစ်ရွာပေါင်းပြီးတော့ Transformer တစ်လုံးထဲနဲ့ လျှပ်စစ်မီးကို အသုံပြုနေရပါတယ်၊ ဝန်အားနိုင်နှင်းမှုနဲ့ ဓါတ်အားလုံလောက်စွာမရရှိဘူး အဲ့လို အခက်အခဲ ဖြစ် နေတယ်၊ ဒါကြောင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေနဲ့မတည်ပြီး ကျွန်တော်တို့ ရွာမကျေးရွာမှာ Transformer အသစ်တစ်လုံးတပ်ဆင်ပြီးတော့ 11KV လိုင်းအသစ် သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်ရ ခြင်းဖြစ်ပါတယ် " ဟု ကျေးရွာမီးလင်းရေးကော်မတီဝင် ဦးရန်နိုင်က ပြောသည်။

အဆိုပါ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေမှ ၅၀ ရာခိုင်နှုန်း ငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူထည့်ဝင်ငွေစုပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မီးလိုင်းသွယ်တန်းခြင်း လုပ်ငန်း ပြီးစီးမှု အခြေ အနေများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိ သူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)