သရက်မြို့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

သရက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တာ့၍ ဖွင့်လှစ်ပေးပြီး မြို့နယ်နာယကအဖွဲ့ဥက္ကဋ္ဌ မင်းကျောင်းဆရာတော် ဘဒ္ဒန္တသစ္စာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်ဆရာတာ်များက ပရိတ်တရားရွတ်ပွားချီးမြှင့်တော်မူပေးခဲ့သည်။

ထို့နောက် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင်က သာသနာရေးဆိုင်ရာများ လျောက်ထာပေးခဲ့ပြီး ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ ဝါဆိုသင်္ကန်းနှင့်နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပေးခဲ့ကာ  မြခဲတောင်ကျောင်း ဆရာတော်ဘဒ္ဒန္တသီလဝံသထံမှ အနုမောဒနာ တရားနာယူပေးခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)