ညောင်တုန်းမြို့ အတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ ဝါဆိုပန်းကပ်လှူပွဲကျင်းပ

ညောင်တုန်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ ဝါဆိုပန်းကပ်လှူပွဲကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ဝါဆိုပန်းကပ်လှူပွဲကို ညောင်တုန်းမြို့၊ အတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ နှစ်စဉ်ဝါဆိုလပြည့်ကျော် (၁) နေ့တွင် ကျင်းပပြုလုပ်သော အထင်ကရဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး မြို့နယ်အတွင်းရှိ ဘုရားဖူးပြည်သူများက ဝါဆိုပန်း၊ ဆီမီး၊ နံသာတိုင်များ ကုသိုလ်ယူကပ်လှူပူဇော်ခြင်း၊ ဝတ်ရွတ်အသင်းများက ပရိတ်ပဋ္ဌာန်းများရွတ်ဖတ်ပူဇော်ခြင်းနှင့် စေတနာရှင်၊ အလှူရှင်များက စတုဒိသာများ ကျွေးမွေးဧည့်ခံလှူဒါန်းခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)