ကလေး ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအနက် (အခြေခံ/ အဆင့်မြင့်) လူသုံးကုန်ထုတ်လုပ်မှ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၉)၊ မိုးလင်းရှောင်စောန်းဘုရားကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်နှင့် ပေါင်ကျင့်ဟောက်ပါရှန်စောန်း တမန်တော်မြတ် မိုးလင်းရှောင်စောန်း ဆရာတော်ကြီးတို့မှ အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှု ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းသူတစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခဲ့ပြီး ပေါင်ကျင့်ဟောက်ပါရှန်စောန်းအသင်းတော်မှ ယဉ်ကျေးမှုအဖွဲ့က ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသားးယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)