ဘားအံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ဘားအံ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ဇူလိုင်လ(၈)ရက်နေ့ နံနက် (၁ဝ) နာရီက ဘားအံတက္ကသိုလ်၊ ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ရုံးဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒေါက်တာစိုးစိုးအေးက အဖွင့်အမှာစကား ပြောကြားပြီး ဘားအံတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ နန်းစန်းကေသီက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းနှင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမျိုးသားရေးလှုပ်ရှားမှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို အသိ ပညာပေး ဟောပြောခဲ့ပြီး (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများကို  ဆုချီးမြှင့်ခဲ့ပြီးနောက် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်အကွ အာဇာနည်ခေါင်းဆောင်ကြီးများအား (၂)မိနစ်ခန့် ငြိမ်သက်၍ အလေးပြုခဲ့ကြောင်း သိရသည်။  

ခရိုင် (ပြန်/ဆက်)