တမူး ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀)နာရီအချိန်က စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက ပြင်ပဗဟုသုတများရရှိနိုင်ရေးအတွက် အခြားဗဟုသုတ ရရှိစေမည့်စာအုပ်များကို ဖတ်ရှုခြင်းဖြင့် အသိပညာများ တိုးပွားလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး တမူးမြို့စာပေချစ်မြတ်နိုးသူများအသင်းဝင် ဒေါ်ခင်မိုးလှိုင်က စာရေးဆရာမ ကြူကြူသင်း၊မစန္ဒာ၊ရွှေသဉ္ဇာ ရေးသားသည့် သုံးလွန်းတင် ဝတ္ထုများစာအုပ်မှ “အတ္တ အကျဉ်းသား”ခေါင်းစဉ်အကြောင်းအရာအားဖတ်ရှုခဲ့ပြီး စာအုပ်မှရရှိလာသည့် ဗဟုသုတများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းများ ဆောင်ရွက်နေသည့်အပြင် ဝန်ထမ်းများ လုပ်ငန်းစွမ်းရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းများ အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရတနာ