မရမ်းကုန်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် မီးသတ်ဦးစီးဌာန(ရုံးချုပ်) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာချိုက ရွေးချယ်ခံရသောအမှုဆောင်များအား ကတိသစ္စာခံယူစေပြီး ဥက္ကဋ္ဌအသစ်မှ မိတ်ဆက်စကားပြောကြားသည်။
ယင်းနောက် အသင်းသား(၃၉၃)ဦးအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေပေါ်အတိုး (၁၅၁၀၉၆၉၉)ကျပ်နှင့် အသင်းသားအကျိုးဝေစု (၇၈၆၀၀၀၀)အား ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)