ကြံခင်းမြို့၊ အ.ထ.က(၂)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ကြံခင်း ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈)နှစ်မြောက် အာဇာနည့်အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်နွဲ့နွဲ့ဝင်းက ကျောင်းသား၊ ကျောင်းသူများအာ အထိမ်းအမှတ် (နေ့ထူးနေ့မြတ်များ)ကို မမေ့လျော့ပဲ သိရှိနိုင်စေရန်အတွက် ဟောပြောပွဲများကို ကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြော ကြားပြီး အထက်တန်းပြဆရာ ဦးအေးမင်းက အာဇာနည်နေ့နှင့် ယနေ့လူငယ်အကြောင်းအားလည်းကောင်း၊ အထက်တန်းပြဆရာမ ‌ဒေါ်နှင်းချယ်ရီက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည့် (၉)ဦး၏ အထုပ္ပတ္တိအကြောင်းတို့ကို ပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ၈၀ ဦး၊ ကျောင်းသူ ၁၂၀ ဦး စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း