ဟိုင်းကြီးကျွန်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ဂေဟစနစ်ကောင်းမွန်စေရန်အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က မြတ်မော်တင်တောင်တော်နှင့် မော်တင်-ကံချိုင်သွား ကားလမ်းဘေးဝဲယာတို့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ သစ်တောဦးစီးဌာနတာဝန်ရှိသူများမှ စိုက်ပျိုးမည့်အပင်များကို တက်ရောက်လာသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများထံသို့ပေးအပ်ခဲ့ပြီး သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀) ဦး တက်ရောက်ကြပြီး သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ဒေသအပူချိန်လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် မော်တင်တောင်တော် ပရဝုဏ်တွင် ခရေ၊ကံ့ကော်၊ပုန်းညှက်၊ညမွေး၊အုန်းပင် စုစုပေါင်း (၄၃၀) ပင်၊မော်တင်-ကံချိုင်သွား ကားလမ်းဘေးဝဲယာ၌ မန်ဂျန်ရှား၊မဟော်ဂနီ၊ကျွန့်း စုစုပေါင်း (၆၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)