သနပ်ပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ)အကြိမ် လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ

သနပ်ပင် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းလင်းက ဂရန်အင်းများ၊ တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ဂရန်အင်းများနှင့် တင်ဒါချက်များ လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သနပ်ပင်မြို့နယ်အတွင်းရှိ ဂရန်အင်း (၁၅)အင်းနှင့် တင်ဒါချက် (၁၂)ချက်အား လေလံတင်ရောင်းချရာ စျေးပြိုင်စနစ်ဖြင့် ဂရန်အင်း (၁၅)အင်းနှင့် တင်ဒါချက် (၁၂)ချက် ရောင်းချနိုင်ခဲ့ပြီး ကျန်ရှိနေသော ဂရန်အင်းနှင့်တင်ဒါချက်များအား ဇူလိုင်လ(၂၃)ရက်နေ့တွင် (ဒုတိယ) အကြိမ် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)