တောင်ငူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိ

တောင်ငူ ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ Pfizer ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး နေ့စဥ်အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ လာရောက်ထိုးနှံလျက်ရှိသည်။

ထိုသို့ Pfizer ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်က အနီးကပ်ကြီးကြပ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့် အသက်သေဆုံးမှု မရှိစေရေးအတွက်ရည်ရွယ်ကာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူ စုစုပေါင်း (၄၈၀) ဦးကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)