ရေတာရှည်မြို့နယ်၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ခြင်း အခမ်းအနားပြုလုပ်

ရေတာရှည် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်ရွေးချယ်ခြင်း အခမ်းအနားကို ဇူလိုင် ၆ ရက်နေ့ မွန်းလွဲပိုင်းက ကရင်ချောင်းလမ်း ဓာတ်တော်ဘုရားဝင်းအတွင်းရှိ ဓမ္မာရုံ၌ ပြု လုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တောင်ငူခရိုင် စားသုံးသူရေးရာဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စည်းမျဉ်းစည်းကမ်းများနှင့် ဆောင်ရန် ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။ ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်း (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မြို့နယ်အဆင့်အသင်းအမှုဆောင်များ ရွေးချယ်ခြင်းနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းပေးခြင်းကို ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းလင်းနှင့် မြို့နယ်အတွင်းရှိဆန် စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)