နတ်တလင်းမြို့၌ အခွန်အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နတ်တလင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌၊ အခွန်အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နတ်တလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပေါင်းတည်မြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်ချိုမှ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ နတ်တလင်းမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်အေးပြည့်မွန်က ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးခဲ့‌ကြပြီး အခွန်ဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)