သာယာဝတီ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် (၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက သာယာဝတီမြို့နယ်၊ သမဝါယမအသင်းလီမီတက်မှ အမြတ်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်၊ သာယာဦးသမဝါယမအသင်းလီမီတက်မှ အသင်းသားများ၏ စုဆောင်းငွေအပေါ် အတိုးနှင့်အစုအပေါ်အမြတ်ငွေ (၂၀၅၄၃၅)ကျပ်အား မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုဝန်ထမ်းများက အသင်းသားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)