ပေါက်ခေါင်းမြို့နယ်တွင် မြို့တွင်း၊ မြို့ပြင်စိမ်းလန်း စိုပြည်ရေးအတွက် ပျိုးပင်များ လှည့်လည်စိုက်ပျိုး

ပေါက်ခေါင်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ပေါက်ခေါင်းမြို့နယ်အတွင်း စိမ်းလန်းစိုပြည်သာယာရေးကို ရှေးရှု၍ ဇူလိုင် ၄ ရက်နေ့ နံနက်ပိုင်းက ပျိုးပင်များကို မြို့တွင်း၊ မြို့ပြင် လှည့်လည်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့၏အဓိကလမ်းမကြီးဘေး၌ အရိပ်ရပြီး အကြီးမြန်သော အပင်များကိုလည်းကောင်း၊ ဌာနဆိုင်ရာရုံးများ အရှေ့၌ အလှပန်းပင်အမျိုးမျိုးကိုလည်းကောင်း၊ မြို့အတွင်းလမ်းများ၌ သီးပင်စားပင်များကိုလည်းကောင်း၊ မြို့အပြင်လမ်းဘေးများ၌ အရိပ်ရသော အပင်အမျိုးမျိုးတို့ကို လှည့်လည်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးခဲ့ကြသော ပျိုးပင်များမှာ စိန်ပန်းသေး၊ စိန်ပန်းကြီး၊ ငုရွှေဝါ၊ ပိတောက်၊ ခေရ၊ ကုက္ကို၊ သရက်၊ တည်ပင်နှင့် အလှပန်းအမျိုးမျိုး စသည်ဖြင့် ပျိုးပင်ပေါင်း (၅၀၀) ကျော် လှည့်လည်စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)