မင်းလှ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားနေသည့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချို၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းတို့က Leavl (1) ၊ Leavl (2) ပညာသင်ကြားနေသည့် ကျောင်းသား(၄၀)ဦးအား ဗလာစာအုပ်၊ မျက်နှာသုတ်ပဝါ၊ အချိုရည်ဗူးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)