ပန်းတောင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.လ.ကကျောင်း ဥသျှစ်ပင်တွင် ယနေ့နံနက် ၉:၀၀ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကလေးအလုပ်သမားအဖြစ် သတ်မှတ်ပုံ၊ အရွယ်မရောက်သေးသောကလေးငယ်များ အလုပ်သမားမဖြစ်စေရေး စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးချိုးက ကလေးအလုပ်သမားဟု သတ်မှတ်သည့်အသက်အရွယ်နှင့် ကလေးအလုပ်သမားများအတွက် အလုပ်သတ်မှတ်ချိန်ကိုလည်းကောင်း၊ ကလေးအလုပ်သမားပပျောက်အောင် ဆောင်ရွက်သင့်ပုံ၊ စက်ရုံ၊ အလုပ်ရုံများတွင် ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ညွှန်ကြားချက်များ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၅၁ ဦး တတ်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)