ဖြူးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး

ဖြူး ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် ဒုတိယအကြိမ်သစ်ပင်စိုက်ပွဲအား ယနေ့နံနက်(၈)နာရီအချိန်က လိပ်သေကျေးရွာ၌ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသိန်းသန်းစိုးက ရတနာတန်းဝင် ပျိုးပင်ပေါက်များကို လွှဲပြောင်းပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ကျေးရွာနေပြည်သူများက လက်ခံရယူခဲ့ကြပြီး ကျွန်းပျိုးပင်၊ ပျဉ်းကတိုးပျိုးပင်၊ ပိတောက်ပျိုးပင်၊ ယမနေပျိုးပင်၊ မဟော်ဂနီပျိုးပင်၊ မန်ဂျန်ရှားပျိုးပင်၊ စုစုပေါင်းပျိုးပင်(၄၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)