ဖောင်းပြင် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ၊ ၀မ်းလျှော၀မ်းပျက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းများကို မြို့ပေါ်ရှိရပ်ကွက်(၂)ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ်(၂)ရပ်ကွက်ရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ခြင်း၊ ခြင်ခိုအောင်နိုင်သည့် သောက်ရေအိုးဖများ၊ ဘုရားပန်းအိုးများ၊ ကားတာယာများ၊ အိုးခွက်များတွင် ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နေအိမ်များတွင် ချိုင့်ခွက်များရှိပါက မိုးရာသီတွင်ရေအောင်းကာ ခြင်ခိုအောင်နိုင်သဖြင့် မြေဖို့ခြင်းများဆောင်ရွက်ရန်နှင့် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ကျန်းမာရေး၀န်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)