ပခုက္ကူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးဦးဆောင်၍ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပခုက္ကူမြို့၊ အမှတ်(၁၊၉၊၁၀၊၁၃၊) ရပ်ကွက်များရှိ လူနေအိမ်များတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု အခြေအနေများ၊ မြစ်ရေဝင်ရောက်ခဲ့မှုများနှင့် မြစ်ရေဆက်လက် ဝင်ရောက်နိုင်သည့်နေရာများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး မြစ်ရေဝင်ရောက်မှု အန္တရာယ်ကာကွယ်ရေးလုပ်ငန်းများအကြောင်း အသိပညာပေးဟောပြောခြင်း၊ လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူမြို့ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၂၁၅၀ စင်တီမီတာဖြစ်ပြီး ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၇ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၂၀၁၅ စင်တီမီတာရှိရာ စိုးရိမ်ရေမှတ်အောက် ၁၃၅ စတီမီတာရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)