ညောင်တုန်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အဖွဲ့သည် ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သို့ရောက်ရှိပြီး ကုက္ကိုဝကျေးရွာရှိ အမျိုးသားသဘားဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန် ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာ အနောက်ကျွန်းကျေးရွာနှင့်တိုးချဲ့အမှတ် (၄) ရပ်ကွက်ရှိ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကုက္ကိုဝကျေးရွာတွင် Bored Pile တူးဖော်ပြီးစီးမှုအခြေအနေနှင့် ညောင်တုန်းမြို့တွင် အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)