ရေကြည် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ဆီဆုံကုန်းကျေးရွာတောင်သူ ဦးကျော်ကျော်ဦး၏ ကွင်းအမှတ်(၈၉၄-က)၊ ဦးပိုင်အမှတ် (၃၅/၄)၊ စိုက်ဧက(၅)ဧကတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီ အောင်နိုင်တိုးစပါး (RS to CS) မျိုးသန့် မျိုးစေ့ထုတ်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးသန်းဇော်လင်းက တောင်သူများနှင့်တွေ့ဆုံ၍ အောင်နိုင်တိုးမျိုးစပါးထည့်သွင်းခြင်း၏ ရေရှည်အကျိုးဖြစ်ထွန်းမှု၊ အကျိုးကျေးဇူးများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များအား ရှင်းလင်ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်းက အောင်နိုင်တိုးစပါးပျိုးပင်များအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးခြင်းအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ အောင်နိုင်တိုးစပါးမျိုးသန့် မျိုးစေ့ထုတ်စိုက်ပျိုးပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဆီဆုံကုန်းကျေးရွာအုပ်စုရှိတောင်သူများ တက်ရောက်ခဲ့ကြပြီး ကောက်စိုက်သများဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)