ဟုမ္မလင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဟုမ္မလင်း ဇူလိုင် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် (၇)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ၊ ဟုမ္မလင်းတံတား ချဉ်းကပ်လမ်း‌ ဘေးဝဲ၊ ယာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်စိုက်ပျိုးရန်သတ်မှတ် ‌‌နေရာများ၌ ကုက္ကိုလ်ပင် (၁၀၀)၊ မယ်ဇလီပင်(၄၀) ၊ စိန်ပန်း (၆ဝ)စုစု‌‌ပေါင်း(၃၀၀)ပင်တို့ကို ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေး

အဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ဖိုးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ၊ အမျိုသမီး‌သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပျိုးပင်များကို အသီးသီးစိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် တာဝန်ရှိသူများက ပျိုးသက် ၂ နှစ်သား အမြင့် ၂ ပေ အထက် မယ်ဇလီ၊ ကုက္ကိုလ်၊စိန်ပန်းစုစုပေါင်း ပျိုးပင် ၃၀၀ ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)