ဟိုင်းကြီးကျွန်းမြို့၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုး ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကျင်းပ

ဟိုင်းကြီးကျွန်း ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာအုပ်စု၊ ရေကျော် (အောက်) ခေတ်မီစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှကြီးမှူး၍ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြည်ရေး၊ ကျေးရွာလမ်းဘေးဝဲယာတွင် အရိပ်ရစေရေး၊ ပန်းအလှပင်များပိုမိုစိုက်ပျိုးနိုင်ရေး အတွက်ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အ.လ.က ရေကျော် အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငပုတောမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ အ.လ.က ရေကျော် အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပျဥ်းကတိုး၊မဟော်ဂနီနှင့်မန်ဂျန်ရှား ပျိုးပင်ပေါင်း (၂၀၀) ပင်အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသံယဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်မျိုးအောင်

ဟိုင်းကြီးကျွန်း (ပြန်/ဆက်)