ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကညွတ်ကုန်း ကျေးရွာအုပ်စု၊ ကရင်မြောင်ကြီးကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် ကျွန်း (၃၀) ပင်၊ ပျဥ်းကတိုး (၂၀) ပင်၊ မဟော်ဂနီ (၂၀၀) ပင်နှင့် မန်ဂျန်ရှား (၁၀၅၀)ပင်၊ စုစုပေါင်း ပျိုးပင်(၁၃၀၀) ပင်တို့အား စုပေါင်းစိုက်ပျိုး ခဲ့ကြသည်။

  အဆိုပါ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်လွင်၊ သစ်တောဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများက တက်ရောက်ကြပြီး ပျိုးပင်များအား ပျော်ရွင်စွာစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး