ပခုက္ကူ ဇူလိုင် ၆
မကွးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ၂၀၂၅ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။
ပထမဦးစွာ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်ဇေလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်တို့က ပခုက္ကူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းနှင့်တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်နှင့် တာဝန်ရှိသူများ၊ ခရိုင်သစ်တော ဦးစီးဌာနမှဝန်ထမ်းများ၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများက မယ်ဇလီပင် ၁၀၀၊ ရင်းမာပင် ၁၀၀၊ ဇီးဖြူပင် ၄၀၊ ပိတောက်ပင် ၃၀၊ ခရေပင် ၃၀၊ စုစုပေါင်းသစ်ပင် ၃၀၀ပင်တို့အား ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးနှင့် အရိပ်အာဝါသရရှိစေရေးတို့အတွက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)