လပွတ္တာ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က လူငယ်အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
လပွတ္တာခရိုင် (၃)မိုင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၉)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၉)၊ မော်တော်ယာဉ်သင်တန်းအမှတ်စဉ်(၁၄)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၆) အသိပညာပေးဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မျိုးမြင့်က သင်တန်းသား၊ သင်တန်းသူများအား လူငယ်နှင့်မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လူကုန်ကူးမှုတားဆီကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဟောပြောခြင်း၊ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စက်မှုလက်မှုပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးမောင်မောင်နှင့် သင်တန်းသားများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)