နာဂဒေသ လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံပေး

လဟယ် ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်လဟယ်မြို့တွင် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထိုးနှံခြင်းကို ယနေ့နံနက် (၀၈:၀၀)နာရီအချိန် လဟယ်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်း၌ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို နာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့်အဖွဲ့၀င်များက သွားရာက်ကြည့်ရှုအားပးပါသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးရာတွင် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ စုစုပေါင်း (၁၂၆)ဦးအား ထိုးနှံပေးနိုင်ခဲ့ပြီး ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)