လောင်းလုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ

လောင်းလုံး ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အနေဖြင့် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ထားဝယ်မြို့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁‌၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

သိန်းသိန်း(လောင်းလုံး)